ဝမ်အောင်းကယား ကျေးရွာတွင် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး မြန်မာ၊ ရှမ်း၊ ကယား(ယင်းတလဲ) တိုင်းရင်းသားဘာသာဖြင့် အသိပညာပေးနှိုးဆော်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ဝမ်အောင်းကယားကျေးရွာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးနှင့် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်၍ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ဝမ်အောင်းကယားကျေးရွာတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းတို့က ပူးပေါင်း၍ မြန်မာ၊ ရှမ်း၊ ကယား(ယင်းတလဲ) တိုင်းရင်းသားဘာသာဖြင့် လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက် ခဲ့ကြသည်။