ကယားပြည်နယ်

ရှားတောမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် ပြည်သူ့ဆေးရုံတွင် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ လ(၁)ရက်နေ့မှ စတင်၍ ယနေ့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကယားပြည်နယ် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကယားပြည်နယ် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲအချိန်တွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က တက်ရောက်ခဲ့ကြသည်။

လွိုင်ကော်မြို့တွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်  ဌာနဆိုင်ရာဝန်ထမ်းများနှင့်  မိဘပြည်သူများကို Tesk Kitဖြင့်  အခမဲ့စမ်းသပ်စစ်ဆေး

လွိုင်ကော်မြို့တွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် သြဂုတ် (၂၇)ရက်မှ စတင်ပြီး လွိုင်ကော်မြို့သာသနာ့ဗိမာန်၊ပြည်နယ်ခန်းမ နှင့် COVID ကုသရေးစင်တာတို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိဘပြည်သူများကို Tesk Kit ဖြင့် အခမဲ့စမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိဘပြည်သူများကို Tesk Kit ဖြင့် အခမဲ့စမ်းသပ်စစ်ဆေး

လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် သြဂုတ် (၂၇)ရက်မှ စတင်ပြီး လွိုင်ကော်မြို့ သာသနာ့ဗိမာန်၊ ပြည်နယ်ခန်းမနှင့် ကိုဗစ် ကုသရေးစင်တာတို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိဘပြည်သူများကို Tesk Kit ဖြင့် အခမဲ့စမ်းသပ် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့မှ လွိုင်ကော်မြို့အတွင်းရှိ ဆေးဆိုင်များအား သွားရောက်ကြည့်ရှုစစ်ဆေး

လွိုင်ကော်မြို့အတွင်း ရောင်းချနေသည့် ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်များအား ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးအတွက် ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီမှစ၍ မြို့ပေါ်ရပ်ကွက် အတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်များအား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပရိယတ္တိစာသင်တိုက်များ ၊ ဘုန်းတော်ကြီးကျောင်းများ ၊ သီလရှင်ကျောင်းများသို့ အလှူတော်ငွေများပေးအပ်လှူဒါန်း

  ကယားပြည်နယ်အတွင်းရှိ  ပရိယတ္တိစာသင်တိုက်များ ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ၊ ဆွမ်းဟင်းလျာများအတွက် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ် လွှတ်တော်ရုံးတို့မှ အလှူတော်ငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ၊ ကယားပြည်နယ်အစည်းဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။ 

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းနှင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှု လျော့ပါးစေရေးအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလှုပ်ငန်းများနှင့် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင်လည်း ယနေ့နံနက် ၉ နာရီခွဲက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းခွင်များ၊ မယ်စဲ့-ဟိုစဲ့-ဘီပီ(၁၄)လမ်းမကြီးနှင့် အထက(မယ်စဲ့) ကျောင်းရှေ့တို့၌ ဆောင်ရွက်ခဲ့သည်။

လွိုင်ကော်မြို့ နောင်ယားကန်နှင့် မင်းချောင်းကန်သာသို့ ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်း ဆောင်ရွက်

ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်း စေရေး ၊ ငါးမျိုးပြန့်ပွားစေရေး ၊ ငါးထုတ်လုပ်မှုတိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်၍ ပြည်နယ်အတွင်းရှိ သဘာဝ ရေပြင်များဖြစ်သည့် ရေကန်များ ၊ ချောင်းများနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် တတိယအကြိမ်ငါးမျိုးများ စိုက်ထည့်မှုအဖြစ် ယနေ့နံနက် ၉ နာရီတွင် လွိုင်ကော်မြို့နယ် ၊ နောင်ယားကန် တွင် ထိုင်းငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၂၀၀၀၀) ၊ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀) ၊ ခေါင်းကြီးငါးကြင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀) ၊ မင်းချောင်းကန်သာတွင် ထိုင်းငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၅၀၀၀) နှင့် ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၅၀၀၀) တို့အား ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကိုကျင်းပခဲ့သည်။

ဘောလခဲမြို့အတွင်းရှိ နိုင်ငံ့ဝန်ထမ်းမျာ၊ လူမှု​ရေးအသင်းအဖွဲ့ဝင်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် မြို့နယ်တွင်းရှိ နိုင်ငံ့ဝန်ထမ်းမျာ၊ လူမှု​ရေးအ သင်းအဖွဲ့ဝင်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအားဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈နာရီ အချိန်က မြို့နယ်ပြည်သူ့ ဆေးရုံတွင်ပြုလုပ်ခဲ့သည်။

ဖားဆောင်းမြို့တွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဖားဆောင်းမြို့နယ်တွင် မြို့နယ်တွင်းရှိ အသက်(၆၅)နှစ် အထက် သက်ကြီးရွယ်အိုများအားဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ကိုယနေ့နံနက်၈နာရီ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်သည်။
Subscribe to ကယားပြည်နယ်