ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၁)ဦးရှိပြီး ယ​နေ့တွင် သေဆုံးသူမရှိ၊ ယနေ့ထိ ဆေးရုံ ဆင်းခွင့်ရသူ (၅၆၀၂) ဦးရှိ

ကယား   ဒီဇင်ဘာ  ၂၁

ကယားပြည်နယ်အတွင်းရှိမြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်ရက်နေ့အထိ အနံ့ပျောက်၍ လာရောက် ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၇၃) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ပိုး​ တွေ့လူနာသစ် (၁)ဦးရှိကြောင်း သိရှိရသည်။

ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ်(၁)ဦး ထပ်မံတွေ့ရှိရာ ၄င်းပိုးတွေ့လူနာသစ် (၁)ဦးအား ရှားတောမြို့နယ်ဆေးရုံတွင် ထားရှိကုသပေးလျက်ရှိသည်။ ကယားပြည်နယ်တွင် အတည်ပြု လူနာစုစုပေါင်း (၅၈၇၀) ဦး၊ ဆေးရုံဆင်း လူနာ(၅၆၀၂)ဦးရှိပြီး ယနေ့သေဆုံး လူနာမရှိ ၊ သေဆုံးလူနာ စုစုပေါင်းမှာ(၂၄၃)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၁၃) ဦး၊ ဘောလခဲမြို့နယ်တွင် (၅)ဦး၊ ရှားတောမြို့နယ်တွင် (၅)ဦးနှင့် မယ်စဲ့မြို့နယ်တွင် (၁)ဦး ​စုစုပေါင်းလူနာ (၂၄) ဦးတို့အား ကုသပေးလျက်ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။