မယ်စဲ့ ဒီဇင်ဘာ ၂၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်များအဖွဲ့ (Youth Club)၊ အမျိုးသမီးများအဖွဲ့ (Women Club) တို့ ပူးပေါင်း၍ စာဖတ်သူများအကြိုက် စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယနေ့နံနက် ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စောဝတ်ရည်က စာပေချစ်သူများအချင်းချင်း စာဖတ်သူအကြိုက် စာအုပ်များဖြင့် စာဖတ်ဝိုင်းများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးဒေါ်စောဝတ်ရည်က စာရေးဆရာသန်းစိုးနိုင် ရေးသားသည့် စိတ်ကူးကောင်းများဖြင့် ကျောင်းထားပေးခြင်း စာအုပ်မှ လူငယ်လူရွယ်များ ကျောင်းစာနှင့် ဘဝစာမျက်နှာများအကြား ကွာခြားပုံ၊ ပြဿနာတစ်ခုကို ရှုထောင့်မျိုးစုံမှ တွေးခေါ်စဉ်းစားခြင်းဖြင့် အများနှင့်မတူသော ဖြေရှင်းနည်းမျိုး ရရှိလာပုံတို့ကို လည်းကောင်း ၊ Women Club အဖွဲ့ဝင် ဒေါ်အင်နန်းစိုးက လူမှုအဖွဲ့အစည်းအတွင်း လူ့လောကကြီး၏ စိတ်နှင့်ရုပ်တို့၏ မညီမျှခြင်းများ၊ အတွေးအမြင် အယူအဆများ၊ စိတ်ကူးစိတ်သန်းများအကြောင်းတို့ကို ဦးဆောင်ဆွေးနွေးရာ Youth Club အဖွဲ့ဝင် မယုလွင်ထွန်းက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(