ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ရာအိမ်မှူးများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနား လွိုင်ကော်တွင် ကျင်းပ
ကယားပြည်နယ်အတွင်း လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍပေါင်းစုံအား အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရာအိမ်မှူးများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို ဇွန် ၁၇ ရက်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။