ကယားပြည်နယ်ဝန်ကြီးချုပ် အဋ္ဌမအကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနား တက်ရောက်ချီးမြှင့်
ကယားပြည်နယ်၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(လွိုင်ကော်) အဋ္ဌမအကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း အပတ်စဉ်(၂၉) သင်တန်းသား၊ သင်တန်းသူများအား အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။