ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများသို့ စတုတ္ထအကြိမ် ထောက်ပံ့ငွေများနှင့် အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ဝန်ထမ်းများ နှင့် ၎င်း၏မိသားစုဝင်များ၊ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် နေအိမ်ထိခိုက်ပျက်စီးခဲ့ရသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ပြည်နယ် ခန်းမ၌ ကျင်းပသည်။