ကယားပြည်နယ်ဝန်ကြီးချုပ် အဆင့်မြင့်ပညာ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများ ဖွင့်လှစ်ရန်ပြင်ဆင်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅−၂၀၂၆ ပညာသင်နှစ်တွင် ပြည်နယ်အတွင်းရှိ အဆင့်မြင့်နှင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန် အလေးထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများ ဖွင့်လှစ်ရန် ပြင်ဆင်ပြီးစီးမှုအခြေအနေများနှင့် ကန္ဒရဝတီ ဂေါက်ကွင်း ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။