ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့၌ ဒို့အတူတူမဲပေးကြမယ် မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး
၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ ဆန္ဒမဲပေးပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက်ပိုင်းက ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက်၊ မိုးလုံလေလုံ မြို့မအားကစားရုံရှေ့တွင်လည်းကောင်း၊ ကျုံဒိုးမြို့ ပြည်သူ့ဆေးရုံရှေ့တွင်လည်းကောင်း ဒို့အတူတူမဲပေးကြမယ် မြေစိုက်ပိုစတာတို့ကို စိုက်ထူခဲ့ကြသည်။