ဖားဆောင်းမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီအချိန်က ဖားဆောင်းမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရှိ ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်၌ ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။