ဖားဆောင်းမြို့ မြောက်ပိုင်းရပ်ကွက် (အထက)ကျောင်းတွင် အသက်(၅)နှစ်မှ အသက်(၁၈)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊တွင်ကျောင်းသား/သူများ ကျန်းမာစွာဖြင့် ပညာသင်ကြားနိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီက အသက်(၅)နှစ်မှ အသက်(၁၈)နှစ်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။