ကယားပြည်နယ်

ဖားဆောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အဆင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြသည်။

လွိုင်ကော်မြို့၌ ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်သည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ (Word Rabies Day) အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကယားပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

ဘောလခဲမြို့အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၂)နှစ်မှ(၁၈)နှစ်အကြား ကျောင်းသား/သူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး တတိယအကြိမ်ဆက်လက်ထိုးနှံပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၁၂)နှစ်မှ(၁၈)ကြားရှ ိကျောင်းသား/သူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးတတိအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက်(၉)အချိန်က အဆိုပါအထက်တန်းကျောင်းအစည်းအဝေးခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးအိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ် ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၁ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် တောင်ကျရေစီးဆင်းမှုကြောင့် ရေတားတမံပိတ်ဆို့နေမှုအား ဖယ်ရှားရှင်းလင်း

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေ စီးဆင်းမှုကြောင့် ရေတားတမံပိတ်ဆို့နေမှုအား ဖယ်ရှားရှင်းနေမှုကို ယမန်နေ့ညနေ ၃ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ အင်ဂျင်နီယာတို့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်စဲချောင်း ပိတ်ဆို့မှုနှင့် မယ်စဲ့-ဖားဆောင်း ကားလမ်းပေါ်သို့ မြေပြိုကျမှုတို့အား ဖယ်ရှားရှင်းလင်းဆောင်ရွက်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ယမန်နေ့ညနေ ၃ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်စဲချောင်းအတွင်းသို့ သစ်ပင်များပြိုလဲ၍ ရေလမ်းကြောင်း ပိတ်ဆို့မှုနှင့် မယ်စဲ့မြို့နှင့် ပန်တိန်းကျေးရွာကြားရှိ မယ်စဲ့-ဖားဆောင်း ကားလမ်းပေါ်သို့ သစ်ပင်လဲကျမှုနှင့် မြေပြိုကျမှုတို့ ဖြစ်ပွားခဲ့ရာ ယနေ့နံနက် ၃ နာရီမှ စတင်၍ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟွေပိုပီးချောင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး နေအိမ်လေးလုံး ရေနစ်မြှပ်မှုဖြစ်ပွား

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ယမန်နေ့ညနေ ၃ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟွေပိုပီးချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ပြီး နေအိမ်လေးလုံး ရေနစ်မြှပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ(၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ(၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း(Mask)များ၊  လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော် မြို့နယ်အတွင်း ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-4 ၊ BA-5 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့်

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်