မိုးညှင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား အောင်ချက်မြင့်မားနိုင်ရေးအတွက် ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခများမှ အနီးကပ်လာရောက်ပို့ချပေး
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် စခန်းသွင်းလေ့ကျင့်နေသည့် ကျောင်းသား ကျောင်းသူများအား အောင်ချက်မြင့်မားနိုင်ရေးအတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခဆရာမများက ယမန်နေ့မွန်းလွဲပိုင်းတွင် အနီးကပ် လာရောက်ပို့ချပေးလျက်ရှိကြောင်း သိရသည်။