ကချင်ပြည်နယ်

နောင်မွန်းမြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကလေးများကာယဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နောင်မွန်းမြို့နယ် အခြေခံပညာမူလတန်းအဆင့် မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၂ နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပ‌ကြောင်း သိရသည်။    ဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနမ်ရဲမင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇီနန်းရမ်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များနှင့် ပြိုင်ပွဲဝင်ကလေးများအ‌နေဖြင့် အကောင်းဆုံးယှဉ်ပြိုင်ကစားကြရန် အားပေးအမှာစကားပြောကြားကာ အ.ထ.ကနောင်မွန်း၊ အ.မ.က(၁)၊ အ.မ.က(နန်ပန်ဒမ်း)ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ရိုးရာအကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး အဖွင့်ပွဲစဉ်ကို အ.ထ.က(နောင်မွန်း)နှင့် အမက(နန်ပန်ဒမ်း)အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက် ၁ ဂိုးစီသရေကျခဲ့သည်။

ဟိုပင်မြို့ ဇောတိကုန်းကျေးရွာအုပ်စု၊ ဇောတိကုန်းကျေးရွာတွင် တက္ကသိုလ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူ(၁)ဦးက ကြိုတင်ဆန္ဒမဲပေး

ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ ဇောတိကုန်းကျေးရွာနေ တက္ကသိုလ်၊ ကောလိပ်ကျောင်းသား/သူ(၁)ဦးက ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီတွင် မဲရုံအမှတ်(၆၄)တွင် ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်း (၁၉)ခုမှ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များနှင့် လိုအပ်ချက်များ ဖြည့်ဆည်း

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာပြည်သူများ ယာယီနေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၃ နာရီက ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စုအတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်း (၁၉)ခုမှ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးသည်။

မချမ်းဘော၌ ဒုတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာနိုင်ရေး မဲစာရင်းများထုတ်ပေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောင်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရန် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာနိုင်ရေးအတွက် မဲစာရင်းများကိုရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ဆန္ဒမဲစာရင်းများ ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။ 

မချမ်းဘော၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများသို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ သတ်မှတ်ကာလအတွင်း ကြိုတင်ဆန္ဒမဲများပေးနိုင်ရေး အသိပညာ​ပေးနှိုးဆော်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်စေရေးနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများသို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ သတ်မှတ်ကာလအတွင်း ကြိုတင်ဆန္ဒမဲများပေးနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် လှည့်လည်နှိုးဆော်အသိပညာပေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက မချမ်းဘောမြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ (၃၄) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ယမန်နေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်၊ မြို့အသင်းခွဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော်နှင့် လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲတို့တွင် တိုင်းရင်းသားရိုးရာ အကအလှများဖြင့် စုံလင်စွာ အတူဆင်နွှဲပါဝင်နိုင်ရေး စာပေယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ခေါင်း ဆောင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သွားမည့် ၂၀၂၅ ခုနှစ်၊ ရိုးရာ ကောက်သစ်စား (အင်လုံအင်နန်ရှား)ပွဲတော်နှင့် လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲ အခမ်းအနားများတွင် တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံ အတူတကွပါဝင်ဆင်နွှဲနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချူပ် မြစ်ကြီးနားမြို့စီတာပူမနောကွင်းမဂျွယ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သည့် ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စား(အင်လုံအင်နန်ရှား)ပွဲတော်ကိုကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အထင်ကရနေရာတစ်ခုဖြစ်သည့် စီတာပူမနောကွင်းအတွင်းရှိ မဂျွယ် ခန်းမ၌ ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပွဲတော်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့နယ်၌ မဲစာရင်းစိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၌ ခေါင်လန်ဖူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ၁၆ နှင့် နည်းဥပဒေ ၈ (ခ)နှင့် အညီ မဲစာရင်းစိစစ်ခြင်းလုပ်ငန်းကို နိုဝင်ဘာ (၁၁) ရက်နေ့ ခေါင်လန်ဖူးမြို့နယ်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်မွန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာခြင်းမပြုမီ ပြည့်စုံမှန်ကန် စေရေး စိစစ်ဆောင်ရွက်လျက်ရှိ

ကချင်ပြည်နယ်၊ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကြေညာခြင်းမပြုမီ ပြည့်စုံမှန်ကန်စေရေး စိစစ်ခြင်းများကို နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လည်ပိုင်းက မြို့နယ်‌ ရွေးကောက်ပွဲ‌ ကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ဆောင်ရွက်လျက်ရှိသည်။
Subscribe to ကချင်ပြည်နယ်