ပူတာအိုခရိုင်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများနှင့် သင်ကြားရေးဆရာ/မများအား အခြေခံစားသောက်ကုန် ဆန်နှင့်ဆီ တတိယအကြိမ် ပေးအပ်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စာစစ်ဌာန(၃)ခုတွင် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများနှင့် သင်ကြားရေးဆရာ/မများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးနှင့် စခန်းသွင်းလေ့ကျင့်နေသည့် ကာလအတွင်း စားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုစေရန်အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များမှ ပေးအပ်လှူဒါန်းသော အခြေခံစားသောက်ကုန် ဆန်နှင့်ဆီ တတိယအကြိမ် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပကြောင်း သိရသည်။