ဖားကန့်မြို့၌ (၂၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာနုဂ္ဂဟစာမေးပွဲကျင်းပ
(၂၇) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာနုဂ္ဂဟစာမေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာ မေဓိကာရာမပရိယတ္တိစာသင်တိုက်၌ ကျင်းပရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တကဝိသာရ၊ ဝိနယာနုဂ္ဂဟစာမေးပွဲကျင်းပရေး ဦးစီးပဓာန နာယက ဆရာတော်ကြီးများနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ တက်ရောက်လာကြသည့် ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့မှ နမောတဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။