ကချင်ပြည်နယ်ဝန်ကြီးချုပ် ပညာရေဒီဂရီကောလိပ် (မြစ်ကြီးနား)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းတွင်း အားကစားပြိုင်ပွဲများဖြစ်သည့် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများအား တက်ရောက်ဖွင့်လှစ်ပေး
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်း အားကစားပြိုင်ပွဲများဖြစ်သည့် အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၈ နာရီက ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်းရှိ ငြိမ်းချမ်းသာယာဖူဆယ်အားကစား ရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ်ပေးသည်။