တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ၊ ကြယ်ပွင့်ပြ မေးခွန်း (၁၁)ခုနှင့် ကော်မတီ နှစ်ခုထပ်မံဖွဲ့စည်းနိုင်ရေး လွှတ်တော်သို့ တင်ပြ

မြစ်ကြီးနား     ဇွန်   ၂၂

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဇွန် ၂၂ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ လေ့လာသူအဖြစ် ဗမာတိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့မှ (၃၁) ဦးတို့ တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့အစီ အစဉ်များကိုကြေညာပြီး အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ကို ရယူကာအစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်း ကြေညာသည်။

ထို့နောက်လွှတ်တော်ကိုယ်စားလှယ်များက လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဆိုင်ရာမေးခွန်း (၂)ခု၊ လူမှုရေးရာဝန်ကြီးဌာနဆိုင်ရာ မေးခွန်း(၃)ခု၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနဆိုင်ရာ မေးခွန်း (၁)ခု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဆိုင်ရာ မေးခွန်း (၂) ခုနှင့်  စည်ပင်သာယာရေးဝန်ကြီးဌာနဆိုင်ရာ မေးခွန်း (၃)ခု စုစုပေါင်းကြယ်ပွင့်ပြမေးခွန်း (၁၁)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး အစည်းအဝေး စတုတ္ထနေ့တွင် တင်သွင်းခဲ့သော ပြည်နယ်လွှတ်တော် ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက် သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဆိုင်ရာကော်မတီ ဖွဲ့စည်းနိုင်ရေးနှင့် စပ်လျဉ်း၍ လွှတ်တော်တွင် ဆွေးနွေးအတည်ပြုခဲ့ကြသည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက သစ်တော၊ သတ္တု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကော်မတီ နှင့် စည်ပင်သာယာရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး ဆိုင်ရာကော်မတီ စသည့် ကော်မတီ (၂)ခု ဖွဲ့စည်းရေးနှင့်  စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌက ကော်မတီ (၂)ခု၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကာ လွှတ်တော်ဥက္ကဋ္ဌက ကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေတို့၏ အမည်စာရင်းများ နှင့်  သစ်တော၊ သတ္တု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌအဖြစ် ဗန်းမော်မြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ်(၂) ဦးဖိုးပါကြွယ်နှင့် ကော်မတီအတွင်း‌ ရေးမှူးအဖြစ် ခေါင်လန်ဖူးမြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားအလှယ်အမှတ် (၂) ဦးဂျေဇာဒီးတို့ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်နိုင်ရေးနှင့် စည်ပင်သာယာရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌအဖြစ် မိုးမောက်မြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ် (၂) ဦးဉာဏ်ထွန်း(ခ) ဦးအောင်စိုးသိမ်းနှင့် ကော်မတီအတွင်းရေးမှူးအဖြစ် ရွှေကူမြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ် (၂) ဦးမျိုးထိုက်တို့ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေး လွှတ်တော်သို့ တင်ပြပြီး အကြံပြုဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာကာ အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားလိုက်သည်။

ပြည်နယ်ပြန်/ဆက်