ဖားကန့်မြို့နယ်အတွင်းရှိ ဥရုချောင်းရေ မြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်‌အချို့ ရေဝင်ရောက်ပြီး တောင်ကမ်းပါးယံလျောကျမှုကြောင့်လူနေအိမ်အချို့ ထိခိုက်ပျက်စီး

ဖားကန့်      ဇွန်   ၂၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ဇွန်လ ၂၀ ရက်နှင့် ၂၁ ရက်နေ့အထိ မိုးများအဆက် မပြတ်ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့ရေများဝင်ရောက်လျက်ရှိပြီး တောင်ကမ်းပါးယံလျောကျမှုကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့ မော်ဝမ်းရပ်ကွက် မော်ဝမ်းချောင်းအတွင်း၌ တောင်ကျချောင်းရေစီးဆင်း လာမှုကြောင့် ရပ်ကွက်အတွင်းသို့ ချောင်းရေများလျှံကျကာမော်ဝမ်းရပ်ကွက် အပိုင်း(၄)၊ အပိုင်း(၅)နှင့် အပိုင်း(၆)တို့တွင် ရေဝင်ရောက်လျက်ရှိပြီးငှက်ပျောတောရပ်ကွက်၊ မရှီကထောင်ရပ်ကွက်နှင့် အေးမြသာယာရပ်ကွက်တို့တွင် များဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ မိုးများအဆက်မပြတ်ရွာသွန်းခဲ့မှု ကြောင့် ဇွန်လ၂၁ရက်တွင်တောင် ကမ်းပါးယံလျော ကျပြီးအေးမြသာယာရပ်ကွက်နှင့် မော်ဝမ်းရပ်ကွက်တို့တွင် ရေကန် (၁) ကန်၊ လူနေအိမ်( ၁)လုံး၊ မီးဖိုဆောင် (၄)ဆောင်စုစုပေါင်းပျက်စီးဆုံးရှုံးမှု တန်းဖိုး ကျပ်(၉၈)သိန်းခန့် ပျက်စီးဆုံးရှုံးကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)