ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားသင်တန်းစခန်း၌ အခြေခံလေကြောင်းလူငယ်သင်တန်း၊ အမှတ်စဉ် (၁၀) အား ဖွင့်လှစ်ပေး
မြစ်ကြီးနားသင်တန်းစခန်း၏အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ သင်တန်းသား/ သင်တန်းသူများနှင့် ၎င်းတို့ ၏ အုပ်ထိန်းသူမိဘများ တက်ရောက်ခဲ့ကြသည်။