ကချင်ပြည်နယ်

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး အဆင့်မြင့်မိလ္လာသိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းလုပ်ငန်း တိုးတက်ကောင်းမွန်စေရေးဆောင်ရွက်ရမည့် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးတက်ရောက်၊ မြစ်ကြီးနားမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက မြစ်ကြီးနားမြို့နယ်စည်ပင် သာယာရေးအဖွဲ့ အစည်းအဝေးခန်းမ၌ အဆင့်မြင့်မိလ္လာသိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းလုပ်ငန်း တိုးတက်ကောင်းမွန်စေရေးဆောင်ရွက်ရမည့် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုးကောင်းမြို့၌ လူနေအိမ် ၂ လုံး မီးလောင်မှုဖြစ်ပွါး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် ယမန်နေ့နံနက်ပိုင်းက လူနေအိမ်(၂)လုံး မီးလောင်ခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ်တွင် ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူ ၅၂ ဒဿမ ၂၅ ရာခိုင်နှုန်းခန့်ရှိ

၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူစာရင်းကို မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနတို့၌ ဇူလိုင်(၂၇)ရက်နံနက်ပိုင်းတွင် ထုတ်ပြန်ထား ပြီဖြစ်ရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်လည်း မြို့နယ်ပညာရေးမှူးရုံးနှင့် အထက(၁)စာစစ်ဌာန၊ အထက-နမ္မတီးနှင့် အထက-ပင်းဘောတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူစာရင်းကို ထုတ်ပြန်ထားကြောင်းသိရသည်။

တနိုင်းမြို့နယ်တွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌  ၄ ဘာသာ ဂုဏ်ထူးရှင်၊ ၃ ဦး ၃ဘာသာ ဂုဏ်ထူးရှင် အပါအဝင်ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၉၂ ဦး ဖြေဆိုအောင်မြင်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက အထက(၁)တနိုင်းစာစစ်ဌာနနှင့် အထက ရှင်ဗွေယန် စာစစ်ဌာနတွင်ထုတ်ပြန်ကြေညာခဲ့ရာကျောင်းသားကျောင်းသူစုစုပေါင်း  ၁၉၂ ဖြေဆိုအောင်မြင်ခဲ့ကြောင်းသိရသည်။

ဖားကန့်မြို့နယ်တွင်၂၀၂၅ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ၃၉ ရာခိုင်နှုန်းကျော် အောင်မြင်

၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ‌ အောင်စာရင်းကို ဇူလိုင်(၂၇)ရက် နံနက်ပိုင်းကထွက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ ‌‌ဖြေဆိုအောင်မြင်သူ (၃၉)ရာခိုင်နှုန်း‌ကျော်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ယာယီနေရပ်စွန့်ခွာပြည်သူများအားတွေ့ဆုံ၍ ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်မြို့/ ကျေးရွာများကိုစွန့်ခွာ၍ ယာယီစခန်းများတွင် နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေးအပြင် စားသောက်မှုအဆင်ပြင်စေရေး စဉ်ဆက်မပြတ် ပေးအပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနား မြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ အိမ်ထောင်စုများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်၌ ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (၃၃.၇၅) ရာခိုင်နှုန်းအောင်မြင်

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင် စာမေးပွဲ အောင်/ရှုံးစာရင်းကို ဇူလိုင်(၂၇)ရက်က  စာစစ်ဌာနကျောင်းများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေငြာလျက်ရှိရာ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၌ စာစစ်ဌာနသုံးခုတွင် အောင်ချက်ရာခိုင်နှုန်း(၃၃.၇၅)ရာခိုင်နှုန်း အောင်မြင်လျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒုတိယနှင့် အကောင်းဆုံးကစားသမားဆုများရရှိခဲ့သော အောင်ပွဲရ အသက်(၁၈)နှစ်အောက် ပြည်နယ်လက်ရွေးစင် အမျိုးသားဘောလုံးအသင်းအား ငွေကျပ်သိန်း ၃၀၀ ကျော် ဂုဏ်ပြုချီးမြှင့်

၂၀၂၅ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့်အပြင် ဂိုးသမားအကောင်းဆုံးဆုနှင့် အလယ်တန်းအကောင်းဆုံး ဆုများကိုရရှိခဲ့သော ကချင်ပြည်နယ်လက်ရွေးစင် အမျိုးသားဘောလုံးအသင်းအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက် ညနေ ၆ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ဂုဏ်ပြုညစာဖြင့် ချီးမြှင့်ဂုဏ်ပြုခဲ့သည်။

မိုးညှင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) အောင်စာရင်းများကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သူ (၁၆၁၇)ဦးတွင် အောင်မြင်သူ (၇၂၅)ဦးဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၄၄)ဒဿမ (၈၄)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဒုတိယဆုနှင့် ဂိုးသမားနှင့် အလယ်တန်းအကောင်းဆုံးဆုများ ရရှိခဲ့သော အောင်ပွဲရ ကချင်ပြည်နယ် လက်ရွေးစင် အသင်းအား မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆို

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကချင်ပြည်နယ်လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့်အပြင် ဂိုးသမားနှင့် အလယ်တန်းအကောင်းဆုံးဆုများကိုပါ ရရှိခဲ့ပြီး ဇူလိုင် ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မြစ်ကြီးနားလေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်