ပူတာအိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းသား/သူများလက်တွေ့မဲပေးခြင်းများသရုပ်ပြသ
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူးဖွင့်လှစ်သော မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းသား/သူများ လက်တွေ့မဲပေးခြင်းများ သရုပ်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည်။