မြစ်ကြီးနား မေ ၁
ကချင်ပြည်နယ်တွင် နှစ်စဉ် မေလ ၁ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ကျင်းပပြုလုပ်ရာ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (May Day) အခမ်းအနား ကို ကချင်ပြည်နယ်အလုပ်သမားရေးရာဦးစီးဌာနက ကြီးမှူး၍ မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ အလုပ်သမားအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ သဝဏ်အလွှာအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဖတ်ကြားသည်။
ဆက်လက်၍ အလုပ်သမားရေးရာလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းတင် ဗီဒီယိုကလစ် ဖွင့်လှစ်ပြသမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် အလုပ်သမားအဖွဲ့အစည်းများက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အလုပ်ရှင်/ အလုပ်သမားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အလုပ်သမားရေးရာဥပဒေများ ပြဋ္ဌာန်းကာ ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံကို ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)