နေပြည်တော်ကောင်စီနယ်မြေ

လယ်ဝေးမြို့နယ်အတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ စမတောင်၊ မဟာပရဟိတ ဂေဟာသို့ သွားရောက်၍ ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒထံ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ လဲလူးအိုင်ကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းအစည်းအဝေးနှင့် MSME လုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ စက်မှုလက်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးမှုများနှင့်စပ်လျဉ်း၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂ ရက်နေ့ ညနေပိုင်းက နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊  ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ပျဉ်းမနားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများထိုး နှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျွန်းဦးကျေးရွာ၌ ထိုးနှံပေးခဲ့သည်။

ပျဉ်းမနားမြို့နယ်၌ အဘိတ်(Abate) ဆေးခတ်ခြင်းလုပ်ငန်းများ လိုက်လံဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ကျန်းမာရေးဦးစီးဌာနမှ အဘိတ်(Abate) ဆေးခပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ ဘောဂဝတီရပ်ကွက်အတွင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။

လယ်ဝေးမြို့နယ်၌ အစိုးရဓမ္မာစရိယစာမေးပွဲ စတင်ဖြေဆို

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅-ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်း၊ မဟာအတုလအောင်ဓမ္မဗိမာန်တော်တွင် ယမန်နေ့ နေ့လယ် ၁၂ နာရီက စတင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် သဲကျွန်းကျေးရွာသို့  သွားရောက်ငှားရမ်းပေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်စည်ပင်သာယာရေးကော်မတီ (၁၉) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အလှူငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် လမ်းပြုပြင်ဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ (၁၉) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အလှူငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပြည်သူ့ဆေးရုံးကြီး ခုတင် (၁၀၀၀) နှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) တို့၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပုဗ္ဗသီရိမြို့နယ် အဝါရောင်မျိုးဆက်သစ်ဘုန်းတော်ကြီးသင်ပညာရေး(မူလွန်)ကျောင်းတွင် စာကြည့်တိုက်ဖွင့်ပွဲနှင့် စက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အဝါရောင်မျိုးဆက်သစ် ဘုန်းတော်ကြီးသင်ပညာရေး(မူလွန်)ကျောင်းတွင် စာကြည့်တိုက်ဖွင့်ပွဲနှင့် စက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ရာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဥတ္တရခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း၊ ပုဗ္ဗသီရိမြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေအေးနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ