နေပြည်တော်ကောင်စီနယ်မြေ

ဇမ္ဗူသီရိမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ် စာ‌စောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၇၃) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်တွင် ခွေးရူးပြန်ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ခွေးရူးရောဂါ ကင်းစင်ရေးအတွက် အမျိုးသားအဆင့် စီမံကိန်း (၂၀၁၈-၂၀၃၀)ကို ရေးဆွဲလျက်ရှိပြီး ခွေးမှတစ်ဆင့် လူသို့ ခွေးရူး‌ရောဂါ ကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်နိုင်ရန်နှင့် ကျောင်းသားလူငယ်များ ခွေးရူးရောဂါနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ(ရန်အောင်မြင်)ကျောင်း၌ ဒက္ခိဏသီရိမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာထက်မမဖြိုးနှင့် ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ခွေးရူးပြန်ရောဂါ အသိပညာပေး ဟောပြောခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာ/ ဆရာမကြီးများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်ပြီး ပျဉ်းမနားမြို့၊ မေတ္တာကန် သန့်ရှင်းသာယာလှပရေး ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာ/ ဆရာမကြီးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် ပျဉ်းမနားမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ စွမ်းရတနာခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ပညာရေးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊မူလတန်း ကျောင်းအုပ်ဆရာ/ဆရာမကြီးများ တက်ရောက်ကြသည်။

လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်တိုက်ဖျက်ရေးနေ့(အကြို) ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် ပြပွဲများကျင်းပ

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့(အကြို)ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက လယ်ဝေးမြို့၊ အောင်းကုန်းရွာ၊ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် နေပြည်တော်အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်တွင် နေပြည်တော်အားကစား အသင်းများ ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ ပဉ္စမအကြိမ်အမျိုးသားအားကစား ပွဲတော်ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး ‘‘ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိပညာပေးဆိုင်းဘုတ်(Billboard)စိုက်ထူခြင်းအခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူမည့်အကြောင်း ပြည်သူများသို့ အသိပညာပေးကြော်ငြာဆိုင်းဘုတ်(Billboard)စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်မြို့ပတ်လမ်းနှင့် ရွှေပြည်တော်ဝင်လမ်းထောင့်တွင်ကျင်းပရာ နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဌေးလှိုင်၊ နေပြည်တော်ကောင်စီဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ဇင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များသို့ လူထုသိပ္ပံကျမ်း၊ အတွဲ(၁၊၂၊ ၃) စာအုပ်များ လှူဒါန်း

ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း မျိုးစေ့ချကိရိယာ seeder ဖြင့် မိုးစပါးစိုက်ပျိုးနေမှုအခြေအနေအား သွားရောက်ကြည့်ရှု၊ ပျံချီကျေးရွာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ရပ်မိ၊ ရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးပွဲ

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်း၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးတင့်ခိုင်ဦး၊ တောင်သူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ ဧလာကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၇၃၅ ရှိ တောင်သူ ဦးတင်ရွှေ၏ လယ်ဧက သုံးဧကအား မျိုးစေ့ချကိရိယာ seeder ဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး မြို့နယ်အတွင်းရှိ တောင်သူများအားလုံး ယခုကဲ့သို့ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးနိုင်ရေးကို ဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။         

ပျဉ်းမနားမြို့နယ်၌ အသက် (၈၅) နှစ်အထက် အသက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့်‌‌ ကျေးရွာများသို့ သွားရောက်ပြီး ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တောင်သာကျေးရွာအုပ်စုအတွင်းရှိ အဘိုး၊ အဘွားများအား သွားရောက်ထောက်ပံ့ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ