နေပြည်တော် ဇွန် ၂၁
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ခွေးရူးရောဂါ ကင်းစင်ရေးအတွက် အမျိုးသားအဆင့် စီမံကိန်း (၂၀၁၈-၂၀၃၀)ကို ရေးဆွဲလျက်ရှိပြီး ခွေးမှတစ်ဆင့် လူသို့ ခွေးရူးရောဂါ ကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်နိုင်ရန်နှင့် ကျောင်းသားလူငယ်များ ခွေးရူးရောဂါနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ(ရန်အောင်မြင်)ကျောင်း၌ ဒက္ခိဏသီရိမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာထက်မမဖြိုးနှင့် ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ခွေးရူးပြန်ရောဂါ အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများအား မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ခွေးရူးပြန်ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)