နေပြည်တော်ကောင်စီနယ်မြေ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောခြင်းနှင့် ပြိုင်ပွဲများ ကျင်းပ

၂၀၂၄ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေး

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၊ ပျဉ်းမနားမြို့အနေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင် (၁၀၆) ဆိုင်ရှိသည့်အနက် (၆)ဆိုင်မှာ ယာယီပိတ်သိမ်းထားရှိပြီး ဖွင်လှစ်ရောင်းချလျက်ရှိသောအရောင်းဆိုင် (၁၀၀) အား အရည်အသွေး၊ အခြင်အတွယ်ပြည့်ဝမှန်ကန်မှု ရှိ/မရှိနှင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ နေ့စဉ်ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ တို့အားဌာနပိုင် Mobile Fuel Lab ယာဉ်ဖြင့် လစဉ် ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ လိုင်စင်ရစက်သုံးဆီ အရောင်းဆိုင် (၉၄) ဆိုင်အားလည်းကောင်း၊ ဇွန်လ(၁)ရက်နေ့မှ(၂၃)ရက်နေ့အတွင်း စက်သုံးဆီ အရောင်းဆိုင် (၁၅) ဆိုင် အားလည်းကောင်း အရောင်းဆိုင် စုစုပေါင်း (၁၀၉) ဆိုင်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီးဖြစ်၍ ပထမ (၆) လတာ ကာလအတွင်း (၁၀၀) ရာခိုင်နှုန်း ကျော် စစ်ဆေးဆောင်ရွက် ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့စစ်ဆေးဆောင်ရွက်ခဲ့သော အရောင်းဆိုင်များမှာ အရည်အသွေး၊ အခြင်အတွယ် ပြည်ဝမှန်ကန်မှုရှိကြောင်းနှင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အေလာ အုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(အေလာ)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်မိ/ရပ်ဖများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက် ကြသည်။

ပျဉ်းမနားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြာပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

တပ်ကုန်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ဆုချီမြှင့်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ စာကြည့်တိုက်များဖောင်ဒေးရှင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

ဥတ္တရသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မင်းကုန်းကျေးရွာအုပ်စု၊ မအူလေးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အခမဲ့ငှားရမ်းပေးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဥ်အုပ်စု၊ ဆင်တဲကြီးကျေးရွာ၌ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပုဗ္ဗသီရိမြို့နယ် သုခဒီပရပ်ကွက်နှင့် မင်္ဂလာဒီပရပ်ကွက်တို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ် သုခဒီပရပ်ကွက်နှင့်မင်္ဂလာဒီပရပ်ကွက်တို့တွင် မိုးရာသီပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် သုခဒီပရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းဝင်းနှင့် မင်္ဂလာဒီပရပ်ကွက် ကညနရုံးဝင်းအတွင်းတို့၌ ကျင်းပခဲ့သည်။

နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စုမှ ပြည်သူများအား  တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းဆေးကုပေး

နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာ သုဇနကာရီ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးပရဟိတ သာသနာပြုကျောင်း၌ ယနေ့နံနက်ပိုင်းက တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းဆေးကုသပေးလျက် ရှိကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ