ပုဗ္ဗသီရိ ဇွန် ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ် သုခဒီပရပ်ကွက်နှင့်မင်္ဂလာဒီပရပ်ကွက်တို့တွင် မိုးရာသီပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် သုခဒီပရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းဝင်းနှင့် မင်္ဂလာဒီပရပ်ကွက် ကညနရုံးဝင်းအတွင်းတို့၌ ကျင်းပခဲ့သည်။
အဆိုပါ မိုးရာသီပင်စိုက်ပျိုးပွဲတော်တွင် သုခဒီပရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း၌ သုခဒီပရပ်ကွက်နေပြည်သူများကကျွန်ပင်နှင့် အရိပ်ရအပင်များကို စိုက်ပျိုးခဲ့ကြပြီး၊ မင်္ဂလာဒီပရပ်ကွက်၊ ကညနရုံးအတွင်း၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သိင်္ဂီတိုး၊ ပုဗ္ဗသီရိမြို့နယ်၊ ကညနဦးစီးမှူး ဦးဆန်းယုတို့က ဦးစီး၍ ကညနဝန်ထမ်း (၅၅) ဦးတို့ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ခဲ့ရာ ကျွန်းပင် (၁၀၀) ပင်၊ အရိပ်ရမန်ကျည်းပင် (၁၀၀)ပင်၊ ကုက္ကိုပင် (၁၀)ပင် စုစုပေါင်း (၂၁၀)ပင်တို့အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ် (ပုဗ္ဗ)