ဒက္ခိဏသီရိမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဉာဏပြိုင်ပွဲများကျင်းပ
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေများလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ဖွံ့ဖြိုးတိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၏ ကဏ္ဍတစ်ရပ်ဖြစ်သည့် ဉာဏဆိုင်ရာပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။