နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)နှင့် ဝါသီးနှံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)နှင့် ဝါသီးနှံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။