ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ လှူဒါန်းပေးအပ်
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများမှ ပျဉ်းမနားမြို့ သုခစိုးဟိုတယ်ဝင်းအတွင်းရှိ ဘိုးဘွားရိပ်သာနှင့် အုန်းတောပရိယတ္တိစာသင်တိုက်များတွင် ခေတ္တနေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများအား ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို) မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နေပြည်တော် အခရာလက်ဖက်ရည်ဆိုင်မှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။