ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာ လှေခွင်းတောင်ခြေရှိ ရေဘေးရှောင်စခန်းသို့ အမှတ်(၂) တပ်မတော် သားဖွားမီးယပ်နှင့် ကလေးဆေးရုံမှ စားသောက်ဖွယ်ရာများ လှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်

ဇေယျာသီရိ စက်တင်ဘာ ၁၆

ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ လှေခွင်းတောင်ခြေရှိ ရေဘေးရှောင်စခန်းသို့ အမှတ်(၂)တပ်မတော် သားဖွားမီးယပ်နှင့် ကလေးဆေးရုံမှ စားသောက်ဖွယ်ရာများလှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ယနေ့နံနက်ပိုင်းတွင် ဆောက်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၂) တပ်မတော် သားဖွားမီးယပ်နှင့် ကလေးဆေးရုံခုတင် (၃၀၀)မှ တပ်မှူးဗိုလ်မှူးကြီး ဒေါ်ဆွေဆွေမြင့်နှင့် တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်းရေနှင့် ပေါင်းလောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ကျည်တောင်ကျေးရွာ၊ စည်ပင်ကြီးကျေးရွာ၊ ရွာသစ်ကြီးကျေးရွာနှင့် ချောင်းကမ်းကြီးကျေးရွာများအတွင်း ရေဝင်ရောက်မှုကြောင့် ကျည်တောင်ကျေးရွာ လှေခွင်းတောင်ခြေ၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းသို့ရောက်ရှိပြီး လှေခွင်းတောင်ခြေရှိ ကန်နာကျောင်းတိုက် ဆရာတော်ဉူးဣန္နကထံ အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းမှ ပြည်သူ ၂၈၈၇ ဦးအတွက် ထမင်းဘူးနှင့် သောက်သုံးရေသန့်များ ဖြန့်ဝေပေးခဲ့သည်။ ယင်းနောက် ဗိုလ်မှူးကြီး ဒေါ်ဆွေဆွေမြင့်နှင့် တာဝန်ရှိသူများက အမှတ်(၂)တပ်မတော် သားဖွားမီးယပ်နှင့် ကလေးဆေးရုံခုတင် (၃၀၀)မှ အထူးကုများက ယာယီရေဘေးရှောင်စခန်းမှ ပြည်သူများ ကူးစက်ရောဂါများမဖြစ်ပွားစေရန်အတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)