နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် ရေဘေးသင့် ရပ်ကွက်၊ ကျေးရွာများမှ အိမ်ပြိုလဲနှင့် လူသေဆုံးအတွက် ထောက်ပံ့ ၊ နွားအစာထောက်ပံ့ပေးအပ်ပွဲတက်ရောက်၊ ပြန်လည်ထူထောင်ခြင်း၊ သန့်ရှင်းရေးဆောင်ရွက်မှုအား ကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ရေဘေးသင့်ရပ်ကွက်၊ ကျေးရွာများမှ အိမ်ပြိုလဲနှင့် လူသေဆုံးအတွက် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ကောက်ယူနိုင်ရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ဗီယက်နမ်နိုင်ငံသား ဘုန်းတော်ကြီးမှ အလှူငွေများ လာရောက်လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ဆရာတော် အရှင် ဉာဏိဿရ (ခ) HUYNH QUOC VUONG နှင့် ဗီယက်နမ်နိုင်ငံမှ တပည့်ဒါယကာ၊ ဒါယိကာမများမှ လှူဒါန်းငွေ ကျပ် ၁၀၀ သိန်းအား ယမန်နေ့ ညနေ ၆ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့တွင်၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က(၁)လယ်ဝေး၊ ရွှေရတုခန်းမ၌ ကျင်းပသည်။

ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း မြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း မြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်သန်းခေါင်စာရင်း ကော်မတီ‌ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့‌ဝင်များ၊ ဒက္ခိဏသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

တပ်ကုန်းမြို့နယ်အတွင်း ရန်ကုန်- မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်၊ ၂၄၅ မိုင် ၇ ဖာလုံနှင့် ၂၄၆ မိုင်ကြားရှိ ပျက်စီးသွားသော အဆုံ (ဇီးကုန်း) တံတားအားဖြတ်သန်းသွားနိုင်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု၊ ရန်ကုန်- မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်၊ ၂၄၅ မိုင် ၇ ဖာလုံနှင့် ၂၄၆ မိုင်ကြား၊ နဝင်းချောင်းဖြတ်ကူး အဆုံ (ဇီးကုန်း) တံတားချဥ်းကပ်လမ်းသည် စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်ထိ မိုးအဆက်မပြတ်ရွာသွန်းပြီး နဝင်းချောင်း ရေလျှံမှုကြောင့် ပျက်စီးသွားခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးအောင်သီဟ ဦးစီး၍ တံတားအထူးအဖွဲ့ (၆)မှ လူအင်အား ၃၀ ဦး၊ ကရိန်းယာဥ်နှစ်စီး အသုံးပြုကာ နှစ်လမ်းသွား ပေ ၁၀၀ သံဘောင်ဘေလီတံတား (ခံနိုင်ဝန်- တန် ၅၀) တည်ဆောက်ပြီးစီးပြီခဲ့သဖြင့် တံတားခံနိုင်ဝန်များ စစ်ဆေးခဲ့ပြီးနောက် ယမန်နေ့နံနက် ၉နာရီ ၂၀မိနစ်ခန့်မှစ၍ ယာဥ်နှင့် လူများအား စတင်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်း ဖွင့်လှစ်

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့‌ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

လယ်ဝေးမြို့နယ်အတွင်း ရေဝင်ရောက်ခဲ့သော ကျေးရွာများရှိ စာသင်ကျောင်းများအား သန့်ရှင်းရေးများ စတင်ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ယခင်ရက်များက စစ်တောင်းမြစ်ဘေးဝဲယာရှိ ကျေးရွာများတွင် မြစ်ရေဝင်ရောက်မှုကြောင့် လူနေအိမ်နှင့် သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် အခြားအဆောက်အအုံများ ရေလွှမ်းမိုးခြင်းများဖြစ်ပေါ်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ တပ်ကုန်းမြို့နယ်အတွင်း နဝင်းချောင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများ၊ လယ်ယာမြေပျက်စီးမှုများ ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၁ရက်မှ ၁၂ရက်ထိ မိုးအဆက်မပြတ်ရွာသွန်းသဖြင့် နဝင်းချောင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာလမ်း၊ တံတားများအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေးကားလမ်းနှင့်ခရိုင်ချင်းဆက်လမ်း ဆက်သွယ်ထားသည့်လမ်းပေါ်တွင် မိုင်တိုင် ၄မိုင် ၆ဖာလုံနှင့် ၄မိုင် ၇ဖာလုံကြား Box-culvert ချင်းကပ်လမ်း ၁၀ ပေခန့် ဂလိုင်ဖွဲ့ရေထွက်မှုအား ဒေသခံပြည်သူများ ယာယီပြန်လည်ပြုပြင်နေမှုအခြေအနေအား ကြည့်ရှုအားပေး၍ နေပြည်တော်ကောင်စီဝင်က ရေသန့်ဗူးများ လှူဒါန်းခဲ့ပြီးနောက် ထုံးဖိုကျေးရွာအုပ်စုအတွင်း ခရိုင်ချင်းဆက်လမ်းပေါ်ရှိ အရှည် ၃၀၀ ပေ၊ အကျယ် ၁၄ ပေရှိသော ညောင်ကိုင်းချောင်းဖြတ်ကူးတံတား ရေစီးနောက်မျောပါပျက်စီးမှုအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ အုန်းပင်ကျေးရွာအနီး အလျား ၂၈၂ ပေ၊ အမြင့် ၈ ပေ၊ ထိပ်ပြင်အကျယ် ၅ ပေ ရှိသော ပွဲစားဆည်ကျိုးပေါက်ပျက်စီးမှုအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ အုန်းပင်ကျေးရွာနှင့် သစ်ဆိန်ပင်ကျေးရွာချင်းဆက် လယ်ငယ်ချောင်းကူးတံတား အလျား ၇၀ပေ၊ အနံ ၁၅ပေ၊ အမြင့် ၆ပေ နုံးတင်ပြိုကျပျက်စီးမှုအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ အုန်းပင်ကျေးရွာနှင့် သစ်ဆိန်ပင်ကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ သောက်ရေသန့်၊ အဝတ်အထည်နှင့်အစားအစာများ ထောက်ပံ့လှုဒါန်း၍လည်းကောင်း၊ ကင်းသာကျေးရွာအုပ်စု၊ ကင်းသာတမံ နုံးတင်ပြီး တိမ်ကောပျက်စီးမှုအား ကြည့်ရှုစစ်ဆေး၍ လည်းကောင်း၊ ခရိုင်ချင်းဆက်လမ်းပေါ်ရှိ မုန်ချောင်းကူးတံတားကြံ့ခိုင်မှု၊ Box Culvert ပျက်စီးမှုနှင့် ကားလမ်းတစ်လျှောက် အမှိုက် သရိုက်များ၊ သစ်တုံးသစ်ဆွေးများ၊ ရွှံ့နွံများ စက်ယန္တရားများဖြင့် သန့်ရှင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ သရက်အုပ်ကျေးရွာရှိ ရေဘေးသင့် ပြည်သူများ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး ကျေးရွာအဝင်လမ်း ပြန်လည်ဖောက်လုပ်နိုင်ရေးနှင့် သောက်သုံးရေးရရှိရေးအတွက် ရေတွင်းများ အမြန်ပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများအား ရှင်းလင်းမှာကြားခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ