နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ် ရပ်ကွက်/ ကျေးရွာ (၁၃)အုပ်စုမှ ရေဘေးရှောင်စခန်း (၁၄)ခုရှိ ရေဘေးသင့်ပြည်သူများအား နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းအား ကြည့်ရှုအားပေး
နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူတို့သည် စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ပုဗ္ဗသီရိမြို့နယ် ရပ်ကွက်/ကျေးရွာ (၁၃)အုပ်စု၊ လူနေအိမ် (၆၀၉၁)အိမ်၊ ရေဘေးရှောင်စခန်း (၁၄)ခုရှိ ရေဘေးသင့်ပြည်သူများအား နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းအား ကြည့်ရှုအားပေးခဲ့သည်။