နေပြည်တော်ကောင်စီနယ်မြေ

လယ်ဝေးမြို့နယ်အတွင်းရှိ ရေနစ်မြုပ်ခဲ့သည့်ကျေးရွာများတွင် ကျန်းမာရေးပညာပေးခြင်း ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာအချို့ရေကြီးနစ်မြုပ်ခြင်းများဖြစ်ပေါ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း လမ်းပေါ်ရေကျော်နေမှုအခြေအနေများနှင့် လမ်း၊ တံတားများ ပျက်စီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် ကောင်စီဝင် ဦးမင်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၈ နာရီအချိန်က တပ်ကုန်းမြို့နယ်အတွင်းရှိ နေပြည်တော်- ကင်းသာ - ကိုးကွေ့ - လိန်းလီ- ပင်လောင်းလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၃/၀) တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပေါ်ရေကျော်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများမှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

မိုးအဆက်မပြတ်ရွာသွန်းခဲ့ခြင်းကြောင့် ပုဗ္ဗသီရိမြို့နယ် ဆင်သေချောင်း ရေကြီးရေလျှံပြီးနောက် ရေများကျဆင်းသွားရာ စာသင်ကျောင်းများအတွင်း တင်ကျန်ခဲ့သော ရွှံ့၊ နွံ၊ သစ်တုံးများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ သန့်ရှင်းရေးဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ဆင်သေချောင်း ရေများလျှံပြီး ရပ်ကွက်ကျေးရွာအချို့၊ ဆေးရုံ၊ စာသင်ကျောင်းများ၊ သာသနိက အဆောက်အဦများအတွင်း ရေများဝင်ရောက်ခဲ့ပြီး ယခုအခါရေများ ပြန်လည်ကျဆင်းသွားသည့်အတွက် ယနေ့နံနက်ပိုင်းက ရွာတော်အုပ်စု၊ ရွာသစ်ကျေးရွာရှိ အမှတ် (၂၁) အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးစပါး‌ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးမှုအပေါ် အထွက်နှုန်း မကျဆင်းရေး ပြန်လည်ပြုပြင်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါး‌ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးမှုအပေါ် အထွက်နှုန်းမကျဆင်းရေး ပြန်လည်ပြုပြင်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မောင်းရမ်းကျေးရွာအုပ်စု၊ မောင်ရမ်းကျေးရွာ ကွင်းအမှတ်-၁၈၈၅၊ ဦးပိုင်အမှတ် (၈၈/၆)ရှိ တောင်သူ ဒေါ်သန်းအေး၏ လယ်မြေ ၄ ဒသမ ၀၀ ဧက မိုးစပါးစိုက်ခင်းတွင် ဆောင်ရွက်ခဲ့သည်။

"ထက်အောင်"ဆောက်လုပ်ရေးကုမ္ပဏီမှ ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာ ရန်အောင်မြင်ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ ရေသန့်၊ ဆပ်ပြာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် မုန့်မျိုးစုံများကို ပေးအပ်လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာ ရန်အောင်မြင်ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံငွေ၊ ဆန်၊ ဆီ၊ ရေသန့်၊ ဆပ်ပြာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် မုန့်မျိုးစုံများကို "ထက်အောင်" ဆောက်လုပ်ရေးကုမ္ပဏီမှ ယနေ့နံနက်ပိုင်းက ထောက်ပံ့လှူဒါန်းခဲ့သည်။

တပ်ကုန်းမြို့နယ် နဝင်းချောင်း ရေကြီးပြီး တင်ကျန်ခဲ့သော ရွှံ့နွံ၊ သစ်တုံးများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နဝင်းချောင်းရေများလျှံတက်ကာ ရပ်ကွက်ကျေးရွာအချို့နှင့် ဆေးရုံ၊ အခြေခံပညာကျောင်းများ၊ သာသနိကအဆောက်အဦရေများ ဝင်ရောက်ခဲ့ပြီး ယခုအခါရေများ ပြန်လည်ကျဆင်းသွားသည့်အတွက် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဝန်ထမ်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဆင်သေချောင်းဖြတ်ကူးတံတား ပျက်စီးမှုကွင်းဆင်းကြည့်ရှု

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက်ဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ချုပ် ဦးသိန်းလွင်နှင့် ဝန်ကြီးဌာနမှညွှန်ချုပ်တို့သည် ယမန်နေ့ညနေပိုင်းက တပ်ကုန်းမြို့နယ်၊ သပြေချောင်းကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာ၊
Subscribe to နေပြည်တော်ကောင်စီနယ်မြေ