ဥတ္တရသီရိ စက်တင်ဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများမှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် ဥတ္တရခရိုင် ပတ်ဝန်းကျင်စီမံခန်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီဝင်ဌာနများဖြစ်ကြသော ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာရှိ ယွန်းအုတ်စက်လုပ်ငန်း၊ ဦးကျော်ဇေယျအုတ်စက်လုပ်ငန်း၊ ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်းကျေးရွာရှိ ရိုးမမြေသစ်ခွဲစက်လုပ်ငန်းများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)