နေပြည်တော်ကောင်စီနယ်မြေ

လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်ရှိ သီရိမင်္ဂလာပတ္တာကျောင်းတိုက်တွင် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်း

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦး၊ ဦးဟန်သူ၊ ​မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါက်တာသီတာဇင်နှင့် အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (ရင်းနှီးစီးပွား)၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မို့မို့လှိုင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်ရှိ သီရိမင်္ဂလာပတ္တာကျောင်းတိုက်တွင် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ သွားရောက်ပေးအပ်လှူဒါန်းခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရေဝင်ရောက်ခဲ့သည့် အခြေခံပညာကျောင်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြား

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ သစ်ခေါက်ခွကျေးရွာသို့ သွားရောက်ပြီး သစ်ခေါက်ခွကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းနှင့် သုခါရာမ ကျောင်းတိုက်အတွင်း၌ ရေဝင်ရောက်ပြီး တင်ကျန်နေသည့်နုန်းများ၊ သစ်ကိုင်းများနှင့် အမှိုက်များအား တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဇေယျာသီရိမြို့နယ် ခေတ်အေးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခေတ်အေးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။

ဇေယျာသီရိမြို့နယ် လှေခွင်းတောင်ခြေရှိ ရေဘေးရှောင်စခန်းသို့ နေပြည်တော် တိုင်းရင်းဆေးရုံကြီး မှ တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းကျန်းမာရေးစောက်ရှောက်မှုပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာ၊ လှေခွင်းတောင်ခြေရှိ ရေဘေးရှောင်စခန်းသို့ တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော် ခုတင်(၁၀၀) တိုင်းရင်းဆေးရုံကြီးမှ တိုင်းရင်းဆေးဖြင့် ယမန်နေ့မွန်းလွဲပိုင်းက အခမဲ့ကွင်းဆင်း၍ ကျန်းမာရေးစောက်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်နှင့်မြို့နယ်ရုံးများတွင် တာဝန်ထမ်း‌ဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းသဘောသဘာဝနှင့် ရုံးလုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ရုံးလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာနှင့် ထိရောက်၊ ထက်မြက်စွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများ ပြုပြင်ဆောင်ရွက်နေမှု၊ အခြေခံပညာကျောင်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြား

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရေလွှမ်းမိုးမှုကြောင့် ရေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့် ဇေယျာသီရိမြို့နယ်ရှိ ပင်လောင်းလမ်းဆုံနှင့် အေးမြင့်သာယာတံတားအကြားတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများနှင့် လုပ်သားများ၊ ယာဉ်ယန္တရားများဖြင့် ပြန်လည်ပြုပြင်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လမ်းပခုံးများ ညီညာမှုရှိစေရန်၊ ကွန်ကရစ်လမ်းအောက်ခြေအား ကျောက်သားအမာများဖြင့် ခိုင်ခံ့စွာတည်ဆောက်ရန်နှင့် လုပ်ငန်းများ ကောင်းမွန်ခိုင်ခံ့စေရေး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် မှာကြားခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး ဒေါ်သီတာဇင် ရေကြီးရေလျှံခြင်းကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ သာသနိကအဆောက်အဦများ ကြည့်ရှုပြီး လှူဖွယ်ဝတ္ထုများ လှူဒါန်း

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး ဒေါ်သီတာဇင်တို့သည် နေပြည်တော်ကောင်စီဝင်များလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဥ်ကျေးရွာအုပ်စု၊ ဆင်တဲကြီးကျေးရွာ၊ သာသနာ့ဝိသောဓနိကျောင်းတိုက်သို့ရောက်ရှိပြီး ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော ကျောင်းဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းထိုင်ဆရာတော် ဦးခေမာဝံသထံသို့ ဆန်၊ ဆီနှင့် ဝတ္ထုငွေတို့အား ဆက်ကပ်လှူဒါန်းခဲ့သည်။

တပ်ကုန်းမြို့နယ်၌ ရေဘေးကြောင့် ယာယီပိတ်ထားသည့် စာသင်​ကျောင်းများ အရှိန်အဟုန်မြှင့် သန့်ရှင်းရေးဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ရေဘေးကြောင့် ယာယီပိတ်ထားသည့် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကယ်ဆယ်ရေးစခန်းနှင့် အနော်ရထာရပ်ကွက်(ရွာသစ်) အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျောင်းများပြန်လည်ဖွင့်လှစ် စာသင်ကြားနိုင်ရေး အရှိန်အဟုန်မြှင့်သန့်ရှင်းရေးဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ