နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေဝင်ရောက်ခဲ့သည့် အခြေခံပညာကျောင်းများတွင် သန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။

နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ပုဗ္ဗသီရိမြို့နယ်၌ ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာ‌တွင် ရေကြီးရေလျှံမှုကြောင့် တာဝါတိုင်များ လဲပြိုခဲ့ရာ ပြုပြင်ဆောင်ရွက်ခြင်းအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာတွင် ရေကြီးရေလျှံခြင်းကြောင့် တာဝါတိုင်များ လဲပြိုခြင်းအား ပြန်လည်ပြုပြင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့သည်။

တပ်ကုန်းမြို့နယ် ချမ်းမြေ့မြိုင်ရိပ်သာ ကယ်ဆယ်ရေးစခန်းတွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်၊ ချမ်းမြေ့မြိုင်ရိပ်သာတွင် ယာယီကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရိပ်သာရှိ မဟာအတုလ ဂုဏ်ရည်ဓမ္မဗိမာန်တော်တွင် ကျင်းပခဲ့ရာ မှော်ဘီမြို့နယ် အောင်ဇမ္ဗူတောရဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဏဝံသအား အမှူးထား၍ ကိုပြည့်မောင် + Ma Smile မိသားစုနှင့် အောင်ဇမ္ဗူသာသနာပြုအဖွဲ့မှ လှူဒါန်းမှုကို အောင်ဇမ္ဗူသာသနာပြုအဖွဲ့ကိုယ်စား ဆရာတော် ဘဒ္ဒန္တဓမ္မပီယက ရေဘေးသင့် အိမ်ထောင်စုပေါင်း ၅၀၀ စုအတွက် ငွေကျပ် ၄၀၀ သိန်းတန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ဟောပြောခဲ့ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က ယာယီရေဘေးကယ်ဆယ်ရေးစခန်းများအတွက် သုံးပြည်ဝင်ဆန် အိတ် ၅၀၀ အိတ်၊ ဓာတ်ဆား ၁၀၀၀ ထုပ်၊ အိမ်ထောင်စုတစ်စုလျှင် အိမ်သုံးပစ္စည်း ၁၂ မျိုးပါ ပုံး ၅၀၀ ပုံးတို့ကို လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက လက်ခံယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်း အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်း အခမ်းအနားကို ယမန်နေ့မွန်းပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမဝင်းအတွင်း ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သဘာဝဘေးကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပျဉ်းမနားမြို့နယ်အတွင်းရှိ လမ်း၊ တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ မွန်းတည့်ခွင် - ကျည်တောင်- ခေါမ - ညောင်ပင်သာလမ်းပေါ်ရှိ ဇီးဖြူပင်ကျေးရွာအနီးတွင် ကတ္တရာလမ်း ရေတိုက်စားမှုကြောင့် ပျက်စီးမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အများပြည်သူများ သွားလာမှုအဆင်ပြေစေရေး၊ လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် အမြန်ပြီးစီးအောင် ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ရေဘေးသင့်ခံခဲ့ရသည့် ရပ်ကွက်၊ ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်နေသည့်လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ (၁၁) ရက်မှ (၁၂) ရက်ထိ မိုးသည်းထန်စွာရွာသွန်းပြီး နဝင်းချောင်းရေလျှံမှုကြောင့် နဝင်းချောင်းဘေး ဝဲ၊ ယာတွင် ရှိသော ရေဘေးသင့်ခံခဲ့ရသည့် ရပ်ကွက်၊ ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ နေပြည်တော် MSME အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခဲ့သည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်းများ သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ကွမ်းခြံကျေးရွာလမ်း ပြုပြင်နေမှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများ၊ မြို့ရှောင်လမ်းမှ ကွမ်းခြံကျေးရွာသို့ ဆက်သွယ်ထားသည့် လမ်းပျက်စီးမှုများအား ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်းများ သန့်ရှင်းရေးဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပြည်သူအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများနှင့် ပြည်သူ အကျိုးပြုလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ