နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရေဘေးသင့်ခံခဲ့ရသည့် အိမ်ထောင်စုဝင်ဝန်ထမ်းများအား ငွေနှင့်ပစ္စည်းများ ထောက်ပံ့

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရေဘေးသင့်ခံခဲ့ရသည့် အိမ်ထောင်စုဝင်ဝန်ထမ်းများအား ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးဦးညီညီထွေးက ဝန်ထမ်းအနေဖြင့် စိတ်အားမငယ်စေရန်နှင့် မည်သည့်သဘာဝဘေးမဆို တက်ကြွစွာပါဝင်ကူညီစေရန် ရှင်းလင်းပြောကြားပြီးနောက် ဝန်ထမ်း ၁၉ ဦး အတွက် တစ်ဦးလျှင် ၆ ပြည်ဆံ့ ဆန်၊ ဆီတစ်ပိဿာ၊ အစားအစာနှင့် ငွေ (၁) သိန်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ရပ်ကွက်၊ ကျေးရွာများ၌ စတင်ကောက်ယူလျက်ရှိသည်။

ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ စတင်ကွင်းဆင်းကောက်ယူ

ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ် မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသည် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်နှင့် ကျေးရွာများတွင် စတင်ကောက်ယူလျက်ရှိသည်။

ဇေယျာသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ရပ်ကွက်၊ ကျေးရွာများ၌ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို သန်းခေါင်စာရင်းရည်ညွှန်းချိန်၌ သတ်မှတ်နယ်နိမိတ်အတွင်း နေထိုင်သူများအား သတ်မှတ်ထားသည့် စာရင်းကောက်ကွက်များ၌ စာရင်းစစ်/ စာရင်းကောက်များက အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြသည်။

ဥတ္တရသီရိမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စတင်‌ဆောင်ရွက်လျက်ရှိရာ ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များက လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ကြသည်။

တပ်ကုန်းမြို့နယ် ဂီတအစည်းအရုံးအဖွဲ့ဝင်များမှ ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နာယကများပူးပေါင်း၍ မြို့နယ်အတွင်း ရေဘေးသင့်ကျေးရွာအိမ်ထောင်စုများအား ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအရောက် ထောက်ပံ့လှူဒါန်းခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် မြေပြင်တွင် လက်တွေ့ကွင်းဆင်း စာရင်းကောက်ယူကြမည့် စာရင်းစစ်၊ စာရင်းကောက်များနှင့် တွေ့ဆုံ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် မြို့နယ်အလိုက် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ စာရင်းစစ်/စာရင်းကောက်များအဖြစ် တာဝန်ထမ်းဆောင်ကြမယ့် ဆရာ/ဆရာမများ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။

လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ ၁ နာရီက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပသည်။

တပ်ကုန်းမြို့နယ် အဆုံ(ဇီးကုန်း)ကျေးရွာတွင် ရေဘေးကြောင့်ပျက်စီးခဲ့သော ကျေးရွာလမ်းနှင့် အိမ်ထောင်စုများအတွက် စေတနာရှင်မိသားစုမှ ထောက်ပံ့ငွေပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် အဆုံ(ဇီးကုန်း)ကျေးရွာတွင် ရေဘေးကြောင့် ပျက်စီးခဲ့သော ကျေးရွာလမ်းနှင့် အိမ်ထောင်စုများအတွက် ရွှေနန်းတော်ပွဲရုံမိသားစုမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ထောက်ပံ့ခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ