လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

လယ်ဝေး စက်တင်ဘာ ၃၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ ၁ နာရီက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ပြိုင်ပွဲများကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပရာ ကျောင်းသားကျောင်းသူ ၁၃ ဦးဝင်ရောက်ယှဥ်ပြိုင်သည်။ ဆက်လက်၍  ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မဇူလိုင်မိုး၊ ဒုတိယဆုရရှိသည့် မခင်ဟံသာ၊ တတိယဆုရရှိသည့် မဝင်းလဲ့ရတနာဦးတို့အား၊ မြို့နယ်ဦးစီးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများက ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

အိအိငြိမ်းဖြူ(ပြန်/ဆက်)