နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နေပြည်တော်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာထွန်း၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ သက်ဆိုင်ရာကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ပုဗ္ဗသီရိမြို့နယ်၊ အခြေခံပညာမူလတန်းလွန် ဖြုတ်ကုန်းကျေးရွာကျောင်းသို့ သွားရောက်၍ ခိုင်ခိုင်မြဲ ကုမ္ပဏီလီမိတက်မှ တာဝန်ယူ တည်ဆောက်နေသည့် Steel Structure (၆၀×၃၀) ပေ(၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုနှင့် အခြေခံပညာမူလတန်းလွန် သုခဒီပကျောင်းသို့ ဟိန်းတောက်ကြယ် ကုမ္ပဏီလီမိတက်မှ တာဝန်ယူ တည်ဆောက်နေသည့် Steel Structure (၆၀×၃၀)ပေ (၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။