နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ၊ စည်သူ ဦးသန်းထွန်းဦး (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ချီးမြှင့်ခဲ့ပြီးဖြစ်သည့် ဂုဏ်ထူးဆောင်ဘွဲ့များကို အဝေးရောက်လက်ခံယူသည့် ကာယကံရှင်များထံသို့ လက်ရောက်ချီးမြှင့်အပ်နှင်း

နေပြည်တော် ဇန်နဝါရီ ၁၀

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားများကို အောင်မြင်စွာကျင်းပကာ အခမ်းအနားတက်ရောက်လာသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ ရရှိသည့်ဂုဏ်ထူးဆောင်ဘွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုယ်တိုင်တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်သည်။

အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းခြင်း အခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက် လက်ခံယူမည့် ဘွဲခံပုဂ္ဂိုလ်များရှိခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျန်းမာရေးအခြေအနေအရ အဝေးရောက်လက်ခံယူသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား  နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ၊ စည်သူ ဦးသန်းထွန်းဦးသည် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြိုတော်ဝန်တိုနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဂုဏ်ထူးဆောင်ဘွဲ့များအား အဝေးရောက် လက်ခံယူသည့် ကာယကံရှင်များ ရှိရာနေရာများသို့သွားရောက်ပြီး လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့သည်။

ထို့သို ပေးအပ်ရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ၊ စည်သူ  ဦးသန်းထွန်းဦးက စည်သူဘွဲ့ရရှိသူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ(ငြိမ်း) ဦးသိန်းစိုး ထံသို့လည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး(ငြိမ်း) ဦးမြသိမ်း ထံသို့လည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များကို လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)