ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေး၌ မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းနှင့် မီးသတိမူရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဇမ္ဗူသီရိ ဇန်နဝါရီ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေးရှိ ဈေးသူဈေးသား ပြည်သူများအား မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းနှင့် မီးသတိမူရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောရာတွင် ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရာဇာမင်းမြတ်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာများကို သတိရှိစေရန်နှင့် အရေးပေါ် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ မီးလောင်မှုအခြေခံ သဘောတရားများ၊ မီးငြှိမ်းသတ်ခြင်း စနစ်များ၊ လျှပ်စစ်မီးလောင်မှု ဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများအား အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆီမီးလောင်မှု၊ ဂတ်စ်မီးဖိုနှင့် ရိုးရိုးမီးဖို‌ မီးလောင်မှုတို့အား လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်း၊ စျေးရောင်းသူ၊ စျေးဝယ်သူ ပြည်သူများအား မီးသတိမူရေး အသိပညာပေး လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)