လယ်ဝေးမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅-ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်း၊ မဟာအတုလ အောင်ဓမ္မဗိမာန်တော်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက စတင်ဖြေဆိုသည်။