ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ပျဉ်းမနား ဇွန် ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ လဲလူးအိုင်ကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  ပျဉ်းမနားမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “ပန်းခင်းစီမံချက်(၃)”ဖြင့် အသက် ၁၀ နှစ်ပြည့်ပြီးသူများနှင့် အသက် ၁၈ နှစ်ပြည့်ပြီး သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဥပဒေနှင့်အညီထုတ်ပေးလျက်ရှိကြောင်း၊ စီမံချက်ကာလအတွင်း နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး နိုင်ငံသားတိုင်းရယူပိုင်ဆိုင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအခြေအနေတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လဲလူးအိုင်ကျေးရွာအတွင်းရှိ မြေပြင်ကွင်းဆင်းစစ်ဆေးချက်အရ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

မျိုးသီဟ(ပြန်/ဆက်)