ဥတ္တရသီရိမြို့နယ် တက်သိမ်းကျေးရွာစာကြည့်တိုက်နှင့် ပိုးစာတောကျေးရွာ စာကြည့်တိုက်အဆောက် အအုံသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် တက်သိမ်းကျေးရွာ “အလင်းရောင်” စာကြည့်တိုက်နှင့် ပိုးစာတောကျေးရွာ “ပညာ့အားမာန်” စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်များရှေ့၌ ကျင်းပခဲ့ရာ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြကြောင်း သိရသည်။