ဟုမ္မလင်းမြို့နယ်၊ ထိန်ကင်းကျေးရွာအုပ်စု၊ မာလာကျေးရွာ တောင်သူများ စပါးခင်း စိုက်ခင်းများသို့ ကြွက်များကျရောက် နေမှုအားကွင်းစစ်ဆေး
ဟုမ္မလင်းမြို့နယ်၊ ထိန်ကင်းကျေးရွာအုပ်စု၊ မာလာကျေးရွာ တောင်သူများမှ နှောင်းလုံး(အင်းကြီး)ကို အမှီ စိုက်ပျိုးသည့် နွေစပါး (မုယင်း)ပျိုးခင်းများသို့ ကြွက်များကျရောက်ကြောင်းသိရှိရဖြင့် ယမန့် နံနက်(၉)နာရီက ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးနှင့် ဝန်ထမ်းများ၊ တောင်သူများနှင့် အတူတကွ ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်းသိရသည်။