ဦးစီးဌာန(ရုံးချုပ်)

ဆောင်းရာသီကာလအတွင်း၊ ကွမ်းရွက်စျေးနှုန်းများမြင့်တက်၍ ကွမ်းစိုက် တောင်သူများအနေဖြင့် ဝင်ငွေ ကောင်းကာ အဆင်ပြေလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ဆားတောင်ကြီးကျေးရွာတွင် ကွမ်းနုဝါခြံများ စိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုလုပ်သူများအနေဖြင့် ယခုအချိန် ဆောင်းရာသီကာလအတွင်း ကွမ်းနုဝါ (၁) ပိဿာကို (၈၀၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ စျေးကောင်းရရှိကာ ရောင်ချရလျက်ရှိသဖြင့် မိသားစုဝင်ငွေ ပိုမိုရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ (၃) ဦး ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးကုသရေးစင်တာ (ရွှေမှော်ဝန်း သာသနာ့ ဗိမာန်) တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်ပိုးတွေ့လူနာ (၃) ဦး ကျန်းမာရေးကောင်းမွန်လာ၍ ယမန်နေ့ မွန်းလွဲ ပိုင်းကဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre ရှိ အသွားအလာကန့်သတ် ထားသူများတွင် အမျိုးသားတစ်ဦး၌ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေး သိပ္ပံကျောင်း Facility Quarantine Centre ရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရသူများတွင် အမျိုးသားတစ်ဦး၌ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ကျွန်းစုမြို့တွင် Online မှ ပြည်သူ့အကျိုးပြု သမဝါယမလုပ်ငန်းအကြောင်း အသိပညာပေး (Talk Show) အစီအစဉ် ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ပူးပေါင်းပြီး ပြည်သူ့အကျိုးပြု သမဝါယမလုပ်ငန်းအကြောင်း အသိပညာပေး (Talk Show)ကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့နယ်ဖွံ့ဖြိုးမှုအထောက်အပံ့ရန်ပုံငွေ UNDP ဖြင့် ဆောင်ရွက်သည့်လုပ်ငန်း လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကျင်းပ

မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့နယ် ဖွံ့ဖြိုးမှု အထောက်အပံ့ ရန်ပုံငွေ UNDP ဖြင့် ဆောင်ရွက်သည့် သံဖြူဇရပ်မြို့နယ် အတွင်း ဝဲဝင်ကရာ ဝါးဘိုးတောင်၊ ဖဲပဒေါ ၊ ဝဲဟတာ ကျေးရွာချင်းဆက်လမ်း လုပ်ငန်း လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပန်းခြံအား ခေတ်မီပန်းခြံတစ်ခုအဖြစ်တည်ရှိစေနိုင်ရေး ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကိုဗစ်-၁၉ဖြစ်ပွားနေချိန်ကာလအတွင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြို့နယ်ပန်းခြံအား ယာယီပိတ်ထား သော်လည်း ပြန်လည်ဖွင့်လှစ်ပါက ခေတ်မီပန်းခြံ တစ်ခုအဖြစ်တည်ရှိစေနိုင်ရေး ပြုပြင်ပြောင်းလဲမှုများအရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက်(၁၀း၃၀)အချိန်ကပန်းခြံအရှေ့ အုတ်ရေမြောင်းတည်ဆောက်နေမှုကို ဆက်လက်လုပ်​ဆောင်နေကြကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်ကံမမြို့နယ်တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ(၄) ဦးကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ပြု

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့ ပြည်သူ့ဆေးရုံတွင် အထူးကြပ်မတ်ဆောင်၌ ဆေးကုသမှု ခံယူနေ ကြသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၄)ဦး ကျန်းမာရေးကောင်းမွန်၍ ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

၄ ခုမြောက် ဖျားနာကုသရေးဆေးခန်း Fever Clinic မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် ဖွင့်လှစ်

မန္တလေးမြို့တွင် ဖျားနာကုသရေးဆေးခန်း Fever Clinic ၄ ခုမြောက်အား မဟာအောင်မြေ မြို့နယ် ၄၁လမ်း လက်သမားရပ်တွင်ဓမ္မာရုံဝင်းအတွင်း ဒီဇင်ဘာလ ၁၈ရက်၊ ယမန်နေ့ ညနေပိုင်းက ဖွင့်လှစ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)