ဝေါမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့  အခမ်းအနားကျင်းပ

ဝေါ မေ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မြို့နယ်အဆင့် ကျောင်း အပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီချိန်က အ.ထ.က ဝေါသီရိဇေယျာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကိုယ်စား ဗိုလ်မှူး မျိုးဝင်းအောင်က အဖွင့်အမှာစကား ပြောကြားရာ (၂၀၁၉-၂၀၂၀) ပညာသင်နှစ်တွင် Covid-19 ရောဂါကြောင့် ပညာသင်ကြားခွင့်အနေ အထား ဖြစ်ခဲ့ရကြောင်း ပညာသင်ကြားခွင့်မရခဲ့တဲ့ အခြေအနေမှာ Online ပညာသင်ကြားရေး ပေါ်ပေါက်လာကြောင်း Online ပညာသင်ကြားရေးတွင် ငွေကြေးမတတ်နိုင်တဲ့ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားခွင့်ဆုံးရှုံးခဲ့ရပြီး ကြီးမားသော အချိန်ဆုံးရှုံးမှုဖြစ်ခဲ့ရကြောင်း (၂၀၂၀-၂၀၂၁) ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်း စွာနဲ့ ပညာကို ဆုံးခန်းတိုင် သင်စေလိုကြောင်း ပြောကြားပြီး တာဝန်ခံမြို့နယ် ပညာရေးမှူး ဦးဝင်းလွင် မှ ကျာင်းနေအရွယ် ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေး ကျောင်းနေကလေးတိုင်း ကျောင်းနေ မြဲ ကျောင်းနေမြဲကလေးတိုင်း ကျောင်းထွက်ပပျောက်ရေးအတွက် မိဘများမှ မိမိ၏ သားသမီးများကို ကျောင်းအပ်နှံရာတွင် ပူးပေါင်းပါဝင်စေလိုကြောင်း ကျောင်းနေအရွယ် ကလေးအားလုံး မည်သည့် ခွဲခြားမှုမျိုးမှ မရှိစေပဲ အခွင့်အရေးတူညီစွာဖြင့် ပညာသင်ကြားခွင့်ရရှိစေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကိုယ်စား ဗိုလ်မှူး မျိုးဝင်းအောင်နှင့် တာဝန်ရှိသူတို့မှ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ကိုကျောင်းသား၊ ကျောင်းသူများထံပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)