မင်းတုန်း မေ ၂၄
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများ၌ ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်နှံခြင်းကို ကျောင်းများ အလိုက် လက်ခံ ဆောင်ရွက်ပေး လျက်ရှိပြီး မေလ(၂၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းအပ်နှံခြင်းကို မင်းတုန်းမြို့နယ်အတွင်း၌ အထက်တန်းကျောင်း(၆)ကျာင်း၊ အထက်တန်း ကျောင်းခွဲ (၅) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ အလယ်တန်း ကျောင်းခွဲ (၁၁) ကျောင်း၊ မူလွန်ကျောင်း (၂၈) ကျောင်း၊ မူလတန်းကျောင်း(၉၁)ကျောင်း၊ မူလတန်းကျောင်းခွဲ (၄)ကျောင်း စုစုပေါင်း ကျောင်းပေါင်း (၁၅၀) ကျောင်းမှ အထက်တန်းကျောင်း(၉၅)ဦး၊ အလယ်တန်း(၂၃၂)ဦး၊ မူလတန်း(၄၉၅)ဦး၊ စုစုပေါင်း(၈၂၂)ဦး လာရောက် အပ်နှံကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်အေးလှထံမှ သိရသည်။
၂၀၂၁-၂၀၂၂ပညာသင်နှစ်တွင် ထက်၊ လယ်၊ မူ ကျောင်းသား/ကျောင်းသူများအတွက် အခမဲ့ ကျောင်းအပ်နှံနိုင်ပြီး ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ Faceshield နှင့် Mask များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်