ရန်ကုန် ဇွန် ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်နှစ်နှစ်အောက် ကလေးငယ်များအား အပတ်စဉ် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့ဆေးရုံးကြီးမှ ကလေးဆရာဝန် ဒေါက်တာညိုလဲ့ရည်နှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက် ထိုးနှံသော ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် စနစ်တကျ လက်ဆေးခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးတွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်၊ ပိုလီယိုကာကွယ်ဆေး သောက်ဆေးနှင့် ထိုးဆေး၊ ဝက်သက်၊ ဂျိုက်သိုး အစရှိသော ကာကွယ်ဆေးများ ပါဝင်ကြောင်းနှင့် အပတ်စဉ် တင်္နလာနေ့တိုင်း နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူထံမှ သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)