မောင်တော ဇွန် ၁
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်၍ ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်း ချက်များနှင့်အညီ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
မောင်တောမြို့တွင် ကျောင်းတက်ရောက်လာသည့် ကျောင်းသား/သူများ ကိုယ်အပူချိန် တိုင်းတာခြင်း၊ တစ်ဦးနှင့် တစ်ဦးခပ်ကွာကွာနေစေ၍ ကျောင်းများဖွင့်လှစ် သင်ကြား ပို့ချ လျှက်ရှိကြောင်း သိရသည်။ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း (၁၀) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၅) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ) (၁၂) ကျောင်း၊ မူလတန်းလွန်ကျောင်း (၄၈) ကျောင်း ၊ မူလတန်း ကျောင်း (၃၄) ကျောင်း၊ မူလ တန်း ကျောင်း(ခွဲ) ၁၃ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း (၂) စုစုပေါင်း(၁၂၆) စတင်ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး