ဦးစီးဌာန(ရုံးချုပ်)

အသက်(၆၅)နှစ် အထက်ဘိုးဘွားများ ကာကွယ်ဆေး လာရောက်ထိုးနှံရေး အသိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးခြင်းများအား အသံချဲ့စက်များဖြင့်  ရပ်ကွက်များ၊ အတွင်း လှည့်လည်ကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် အသက်(၆၅)နှစ်အထက်ဘိုးဘွားများ ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးရန် ယနေ့၊ နံနက် ၇ နာရီက မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ အတွင်းအသိပေးနှိုးဆော်ချက်ခြင်း၊ကိုဗစ်- ၁၉ရောဂါဆိုင်ရာ အသိပညာပေးခြင်းများအား အသံချဲ့စက်များဖြင့် လှည့်လည် ကြေညာပေးလျက်ရှိကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်၌ စစ်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အဆောက်အဦများအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်

ကယားပြည်နယ် လွိုင်ကော်ခရိုင် စုပေါင်းရုံးခန်းမ၌ ယနေ့ ညနေပိုင်း ၃ နာရီအချိန်က ဒီးမော့ဆိုမြို့နယ်၌ စစ်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အဆောက်အဦများအတွက် ထောက်ပံ့ငွေ နှင့် ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် အတွင်းတွင် အသက်(၆၅)နှစ်နှင့် အထက်အဘိုး/အဘွားများကို ကာကွယ် ဆေးထိုး နှံပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းတွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုး/ အဘွားများကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ စုရပ်(၁) အမှတ်(၁၆၈) ရပ်ကွက် အ မ က(၇)ကျောင်း ၊ စုရပ်(၂) အမှတ်(၉၃)ရပ်ကွက် အထက (၄)ကျောင်း၊ စုရပ်(၃)(၆၀)ရပ်ကွက် ဧရာ၀ဏ်ကျောင်းတို့၌ ကိုဗစ် ကာကွယ် ဆေးများ ဆက်လက်ထိုးပေးလျက်ရှိကြောင်း မြိုနယ် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် ကုသရေး ကော်မတီထံမှသိရပါသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင် ထိုးနှံပေးမည်ဖြစ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ယနေ့နေ့လယ်(၁:၀၀)နာရီတွင်စတင်၍ကိုဗစ်စ်-၁၉ကာကွယ်ဆေး ထိုးနှံ ပေးမည်ဖြစ် ပါသည်။

မိုင်းယောင်းမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) စတင်ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဦးစားပေးအလိုက် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်ခန့်မှစ၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ အခြေပြုပြီး ကာကွယ်ဆေးများကို စတင်ထိုးနှံပေးနေကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁၂၀၀ အား ဦးစားပေးအစီအစဉ်အတိုင်း ထိုးနှံပေး သွားမည်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေး အလုံးရေ (၁၂၀၀)ရရှိပြီး အဆိုပါကာကွယ်ဆေးအား ဩဂုတ်လ (၁)ရက်နေ့မှ စတင်၍ ဦးစားပေး အစီအစဉ်အတိုင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး လှိုင်ကိုဗစ် - ၁၉ ကုသရေးစင်တာရှိရောဂါ ရှာဖွေရေးဌာန (Test Center) အသစ် ထပ်မံဖွင့်လှစ်မည့်နေရာကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးလှစိုးနှင့်တာဝန်ရှိသူများသည်လှိုင် ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ပြည်သူလူထု အခြေပြု လှိုင် ကိုဗစ် - ၁၉ ရောဂါရှာဖွေရေးဌာန (Test Center)အသစ်ထပ်မံဖွင့်လှစ်မည့်နေရာနှင့်ကုသရေးစင်တာသို့ယနေ့ နံနက်ပိုင်း က သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)