မအူပင်မြို့နယ်အတွင်းရှိ အသက်၆၅နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်း များနှင့် စျေးမိသားစုများအားကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင် မြို့နယ်အတွင်းရှိအသက် ၆၅ နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့်စျေးမိသားစုအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံမှုအား ယမန်နေ့နံနက် ၉ နာရီက မအူပင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် ကိုဗစ်ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။